tag:blogger.com,1999:blog-53353039000309320332024-03-08T14:55:17.849-08:00How can I fly ?နှလုံးသား ဘာသာပြန်သော ခါးခါးခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.comBlogger14125tag:blogger.com,1999:blog-5335303900030932033.post-59167684086369804152012-08-06T00:03:00.001-07:002015-12-06T03:44:24.740-08:00ရင်နာရတဲ့ ဇာတ်လမ်းတပုဒ်
မိုးရာသီမှာ
လူတွေအတွက် လူဆိုတာက ချစ်သူနဲ့ဝေးနေတဲ့ သူများ အတွက်ကိုဆိုလိုတာပါ
လွမ်းဆွေးဖို့ကောင်းတဲ့ရာသီလေး တစ်ခု ဖြစ်နေတယ်ဆိုတာ ကိုယ်မယုံမိဘူး
အခုတော့ ချစ်သူနဲ့တွေ့တဲ့နေ့မှစပြီးတော့ အလွမ်းဆိုတဲ့အရာလေးတစ်ခုကို
ခံစားတတ်ခဲ့ပါပြီ မိုးလေးအုံ့ပြီးတော့ ရွာမလိုလိုနဲ့ ညာသံပေးနေတဲ့
မိုးနတ်မင်းကို တစ်ခါတစ်လေ မျက်စောင်းခဲမိချင်သေး ချစ်သူကို
သတိရအောင်လုပ်ပေးလို့ပါ အနေဝေးနေတဲ့အတွက်
လွမ်းငွေ့တဝေေ၀ဖြစ်နေရတဲ့သူကိုမှမစာနာ ခုလိုမျိုး
နှိပ်စက်နေရလားဆိုပြီးတော့ပေါ့ ချစ်သူနဲ့စသိခဲ့တဲ့အချိန်က ည အဲဒီနေ့ညမှာ
မိုးတွေမရွာပါဘူး ဒါပေမယ့် အေးစိမ့်စိမ့်လေးတော့ရှိတယ်
ချစ်သူနစ်လေးကိုကိုယ်အက်လိုက်မိတယ် ညက ဖေဖော်ဝါရီ 19 ရက်နေ့ပါ
အချစ်တွေနဲ့ထုံမွမ်းထားတဲ့ လလည်းဖြစ်တဲ့ ဖေဖော်ဝါရီလမှာပေါ့ ည10ခွဲ
ကျော်လောက်မှာ ချစ်သူက အွန်လိုင်းပေါ်ပုံမှန်တက်နေကျ သူနဲ့လည်းအမြဲတမ်း
အဲဒီအချိန်မှာ နှုတ်ဆက်နေကျ အဲဒီအချိန်တုန်းကတော့ ချစ်သူနဲ့ ကိုယ့်ဟာ သာမန်
သူငယ်ချင်း တစ်ယောက်အနေနဲ့ပဲ စကားတွေပြောဖြစ်တယ် ရန်ဖြစ်တယ်
ကိုယ့်နာမည်ကို သူက ဝေဖန်တဲ့အတွက် မကျေနပ်လို့ အစက ဘလောက်တောင်
လုပ်ပစ်မလို့ အဲဒီအထိ ချစ်သူကို စိတ်တွေဆိုးခဲ့မိတယ် အမှန်တော့ ချစ်သူဟာ
သူများကိုပျော်ရွှင်အောင် လုပ်တတ်တဲ့လူတစ်ယောက်ဖြစ်မှန်း အစကသိခဲ့ရင်
အရင်ကကိုယ့်လုပ်ရပ်အတွက် ချစ်သူကို အားတုံ့အားနာ ဖြစ်မိပါရဲ့
ကိုယ့်ကိုယ်ကို လည်းအပြစ်တင်မိတယ် ချစ်သူနဲ့တွေ့ရင် တစ်ခါတစ်လေ
စကားမပြောဖြစ်ဘူး သူ့ကိုလျစ်လျူရှုမိတာလည်း အကြိမ်ကြိမ်အခါခါပါပဲ
ကိုယ့်ဖုန်းနံပတ်ကိုတောင်းတော့လည်းမပေးမိဘူး ဒီလုပ်ရပ်ဟာ ချစ်သူကို
ဘယ်လောက်တောင် နာကျင်စေမလဲဆိုတာ အစကသာတွေးမိမယ်ဆိုရင်ပေါ့ မတ်လ
26ရက်နေ့မှာ မထင်မှတ်ပဲ ချစ်သူအကောင့်နဲ့ သူ့မမ တက်လာတယ်
ကိုယ်လည်းမထင်ဘူးလေ ချစ်သူကဒီချိန်ဘာလို့တက်လာပါလိမ့်ဆိုပြီး စနောက်မိတယ်
ဟိုဘက်လည်းပြန်စလာတော့ ဒါဟာချစ်သူမဖြစ်နိုင်ဘူး ဘယ်သူက
ချစ်သူအကောင့်ကိုသုံးနေလည်း ဆိုပြီးတော့ စိတ်ဆိုးဆိုးနဲ့အော်ခဲ့မိတယ်
နောက်မှချစ်သူအစ်မမှန်းသိတော့ အားနာနာနဲ့ တောင်းပန်မိတယ်
တစ်ကယ်မထင်မှတ်တဲ့အဖြစ်အပျက်လေးတစ်ခုပါပဲ ချစ်သူမှာ အရင်က အရမ်းချစ်ခဲ့တဲ့
ကောင်မလေးတစ်ယောက်ရှိတယ်ဆိုပဲ အခုအဲဒီကောင်မလေး ဆုံးလို့ သူ့ရဲ့ (၂)
နှစ်ပြည့်တဲ့အထိမ်းအမှတ်လေးကို ချစ်သူက လာတာတဲ့လေ ဒါတွေအားလုံးကို
ချစ်သူအစ်မ ပြန်ပြောပြမှသိခဲ့ရတာပါ ကိုယ့်ကို ချစ်သူကိုယ်တိုင်က
ဖွင့်မပြောရက်လို့ အခုလိုမျိုး သူ့မမလေးကို သူ့ရဲ့ကိုယ်စား
လာပြောပြခိုင်းတယ်လို့တော့ ထင်တာပဲလေ ဘာဖြစ်ဖြစ် စိတ်မကောင်းဘူး ချစ်သူဟာ
သူ့ကောင်မလေးကို အခုထိ မမေ့နိုင်သေးတဲ့အကြောင်း ချစ်သူရဲ့ အစ်မက ပြောတော့
ပိုပြီး သနားလာတယ် ကိုယ်ချင်းလည်း အလိုလိုစာတတ်လာတယ်
ချစ်သူဘယ်လောက်ခံစားနေရမလဲ ဘယ်လောက်ကြေကွဲနေရမလဲဆိုတာကို မြင်ယောင်ပြီး
ရင်ထဲမှာ ဆို့တက်လာတဲ့ခံစားချက်ကို မျိုချကာ ချစ်သူကို
နှစ်သိမ့်ဖို့ကြိုးစားရတာပေါ့ ဒါပေမယ့် အချည်းနှီးပါ ချစ်သူဟာ ကိုယ့်ကို
စကားတောင်ပြန်မပြောနိုင်လောက်အောင်ကိုနာကျင်ခံစားနေရတယ်ဆိုတာ
အဲဒီအချိန်တုန်းက မတွေးမိပဲနဲ့ ချစ်သူကိုအထင်လွဲခဲ့တာလည်း အခါခါပါပဲ
သူ့ကောင်မလေးလောက်တောင် ငါ့ကိုအလေးမထားဘူး ဆိုပြီးတော့လည်း ၀မ်းနည်းမိတယ်
ချစ်သူကိုလည်း ဘယ်တော့မှမခေါ်တော့ဘူးလို့ဆုံးဖြတ်ပြီး messageပို့ခဲ့မိတယ်
ဒါပေမယ့်ကိုယ်ထင်တာတလွဲတွေပဲဆိုတာ နောက်မှချစ်သူရဲ့ message လေးမြင်မှ
အသိတရားရမိတယ် ချစ်သူဟာတစ်ချိန်က သူ့ကောင်မလေးနဲ့ သိပ်ချစ်နေရဲ့နဲ့
ရုတ်တရက်ကြီးခွဲခွာသွားတော့ ဘယ်သူမဆို အနဲနဲ့အများတော့
ခံစားမိမှာပဲဆိုပြီးတော့ ချစ်သူရဲ့ ခံစားချက်တွေဘယ်လောက်ပြင်းထန်သလဲဆိုတာ
အဲဒီအချိန်မှာ ကိုယ်ချင်းစာတတ်လာတယ် ချစ်သူကို ခုလိုအချိန်မှာ ပိုပြီး
အားပေးသင့်တယ်ဆိုတာကိုလည်း သဘောပေါက်လာတယ် ကိုယ့်စိတ်ထဲမှာ ချစ်သူကို
အလိုလိုနေရင်း သနားလာမိတယ်…………
ချစ်သူက ကိုယ့်ကို
နောက်၂ရက်၃ရက်ကြာမှ စကားတွေပြန်ပြောလာတယ် သူ့ခံစားချက်လည်း
နဲနဲသွေးအေးသွားလို့ဖြစ်မှာပါ အဲဒီချိန်ကနေစပြီး ချစ်သူကို အားပေးဖို့
နှစ်သိမ့်ဖို့ အင်အားတွေပိုလာမိတယ် အရင်ကတစ်ခါမှ မပေးဘူးတဲ့
ဖုန်းနံပတ်ကိုလည်း ချစ်သူကိုပေးခဲ့မိတယ် သူနဲ့စကားတွေပြောချင်တဲ့စိတ်က
အတားအဆီးမဲ့ဖြစ်လာလို့ပါ ချစ်သူမှာ
သိပ်ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်ဆိုတဲ့ မနာလို အူတို တတ်တဲ့
စိတ်ရိုင်းလေး ကလည်း ဘယ်ချိန်တုန်းက စိတ်ထဲလာပြီးခိုအောင်းနေမှန်းမသိတော့ပေ
အခုချစ်သူရဲ့ဟာနေတဲ့နှလုံးသားကွက်လပ်ထဲမှာ ဘာဖြစ်ဖြစ်
ကိုယ်တစ်ဦးတစ်ယောက်တည်းပဲ အပိုင်စီးထားချင်တဲ့စိတ်တွေ အလိုလိုပေါ်လာတယ်
မထင်မှတ်တဲ့နေ့လေးမှာပဲ ချစ်သူဟာ ကိုယ့်ကို ချစ်တယ်တဲ့
ဒီစကားဘယ်တော့မှမကြားရတော့ဘူးလို့ ထင်နေတဲ့ ကိုယ်ဟာ မှိုရတဲ့မျက်နှာနဲ့
လအစင်းပေါင်း တစ်ရာလောက် ထွန်းလင်းတောက်ပမှု ပေးထားတဲ့မျက်နှာနဲ့ပေါ့
ဒီတစ်ကမ္ဘာမှာ ကိုယ့်လောက်ပျော်တာဘယ်သူများရှိအုံးမလဲလို့လေ ဒါပေမယ့်ချစ်သူ
ကိုယ့်အတွေးထဲမှာ ချစ်သူဟာ အရင်ကသိပ်ချစ်ခဲ့တဲ့ကောင်မလေးရှိတယ်ဆိုတာ
ခဏလေးတော့ မေ့သွားတယ် သတိရချိန်မှာ ချစ်သူကို
ဘယ်လိုတုံ့ပြန်မှုမျိုးနဲ့ငြင်းရမလဲဆိုတာ အချိန်ချိန်အခါခါ အဖြေထုတ်ခဲ့မိတယ်
ကိုယ့်မှာလည်း အရင်ကတည်းက ကျန်းမာရေးညံ့ဖျင်း
ခဲ့တဲ့လူတစ်ယောက်ဖြစ်ခဲ့လို့လည်း ချစ်သူကိုနောက်တစ်ဖန် မနာကျင်စေချင်တာလည်း
ပါတာပေါ့ချစ်သူရယ်
ချစ်သူကို အကြိမ်ကြိမ်အခါခါ ငြင်းဆန်ခဲ့ပေမယ့်
နှလုံးသားကို မလွန်ဆန်နိုင်တဲ့ ဂျူလိုင် ၁၁ ရက်နေ့မှာတော့
အဖြေပေးလိုက်မိတယ် ချစ်သူကို နောက်ထပ် ကိုယ့်အတွက်နဲ့ မခံစားစေချင်လို့ပါ
အလုပ်အရမ်းများနေတဲ့ကြားက ကိုယ့်ကိုချစ်တဲ့အကြောင်း
တဖွဖွပြောနေတဲ့ချစ်သူကို သနားမိတဲ့နှလုံးသား ကြောင့်လည်း ပါမှာပါ
ချစ်သူဟာအရင် ကိုယ်နဲ့မတွေ့ခင်အချိန်ထိ
ကောင်မလေးဆုံးသွားတဲ့နောက်ပိုင်းမှာပေါ့ အထီးကျန်ဆန်လွန်းတဲ့နေ့ရက်တွေကို
ပင်ပန်းစွာ ဖြတ်သန်းရင်း စိတ်ကို အလုပ်ထဲမှာပဲနှစ်ထားပြီး
ဝမ်းနည်းအားငယ်နေတဲ့အချိန်တွေကို ထပ်မကြုံစေချင်လို့ ပြီးတော့ ချစ်သူကို
ငြင်းဆန်ဖို့ ဓိကျတဲ့အကြောင်းပြချက်ရှာမရတာလည်းပါတယ် အရင်ကတော့
ကလေးဆိုးကြီးတစ်ယောက်လို ချစ်သူကို ဟိုကောင်မလေးနဲ့စွပ်စွဲလိုက်
သ၀န်တိုပြလိုက်နဲ့ အမျိုးမျိုး ငြင်းဆန်ခဲ့တဲ့အချိန်တွေကို သီးခံရင်း
ကိုယ့်ဆီကချစ်အဖြေလေးကြားရဖို့ စိတ်ရှည်စွာစောင့်ဆိုင်းနေတဲ့ ချစ်သူကိုလည်း
ကိုယ်ချင်းစာလာတယ် ကိုယ်နဲ့ပတ်သက်ပြီးတော့ ချစ်သူက
အရာရာအလျှော့ပေးနေတယ်ဆိုတာကို သိသိကြီးနဲ့အနိုင်ယူမိတဲ့အတွက်လည်း
စိတ်မကောင်းဖြစ်မိတယ် ချစ်သူရဲ့ စိတ်ကို လိုက်လျှော ပေးတာဆိုလို့
တစ်ခုပဲရှိခဲ့ပါတယ် အဲဒါကတော့ ချစ်သူက သူ့ကို
“......“လို့ခေါ်စေချင်တဲ့စကားလေးတစ်ခွန်းပဲဖြစ်ပါတယ်
အဲဒီစကားလေးတစ်ခွန်းကိုခေါ်ဖို့ဆိုတာ ကိုယ်ကလနဲ့ချီပြီးအချိန်ဆွဲခဲ့မိသေးတယ်
အဲလိုစကားလုံးကြီးကို တစ်သက်လုံးမခေါ်ဘူးလို့ သန္ဓိဌာန်
ချထားခဲ့တဲ့အတွက်ကြောင့်လည်း တွေဝေမှုတွေနဲ့ ကြီးဆိုးခဲ့တာပါ နောက်မှ
ချစ်သူရဲ့နှလုံးသားထဲမှာ အနာတစ်ခုတောင်မကျက်သေးပါလား ဒါကိုကိုယ်က
ထပ်ပြီးနာကျင်အောင်မလုပ်သင့်ဘူးဆိုတာကို စဉ်းစားမိပြီးတော့ ချစ်သူကို
“မောင်“ လို့ခေါ်ခဲ့မိတယ် အခုတော့လည်း ချစ်သူကို အဝေးကနေပဲချစ်နေရပေမယ့်
ကျေနပ်ပါတယ် ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာတော့ ချစ်သူပေါ်မှာပဲမူတည်နေတာမို့
အခုတော့ သြဂုတ်လရဲ့ မိုးရာသီနဲ့အတူ ချစ်သူကို လွမ်းရပေအုံးမည်…………………..ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-26899324908266778132009-12-23T02:41:00.000-08:002015-12-06T03:53:14.433-08:00^_^၂၀၀၉ ရဲ့ဘုရင် အီမိုဖီလင် ^_^
၂၁ရာစုထဲကအချစ်တစ်ခုကို အသစ်အဆန်းလေးများဖြစ်မလားဆို လက်တည့်စမ်းတာမဟုတ်
တစ်ကယ်ချစ်လို့ တစ်ကယ်ရင်ခုန်လို့ တစ်ကယ်မြတ်နှိုးလို့ မင်းကိုတန်ဖိုးထားလို့….
ငိုကြွေးခြင်းနဲ့စခဲ့တဲ့ဘ၀ ငိုကြွေးခြင်းနဲ့ပဲပြန်အဆုံးသတ်ရမှာဆိုတော့
ကြားကာလလေးမှာ ချစ်သူနဲ့တူတူ ပျော်ရွှင်စွာကုန်ဆုံးချင်တာသဘာဝကျပါတယ်
ဆုံနိုင်မဆုံနိုင်တာက တို့နှစ်ယောက်အလုပ်မဟုတ်
မင်းကိုချစ်ဖို့ ငါဘယ်သူ့ဆီကမှ ပါမစ် မတောင်းခဲ့သလို အယူခံလည်းမ၀င်ခဲ့ဘူး
မင်းကိုပေးနေတဲ့ငါ့အချစ်ကလည်း လီမစ်မရှိသေးဘူး
ရိုမီယိုနဲ့ဂျူးလိယက်ကိုအားကျလို့တော့ မဟုတ်ဘူး ဒါပေမယ့်စံချိန်တော့ချိုးချင်တယ်
အနားကွပ်ထားတဲ့လူ့ကျင့်ဝတ်တွေကို မျက်ကွယ်ပြုရင်း
မဟူရာနှုတ်ခမ်းတစ်စုံအောက်မှာ မင်းအတွက်သိမ်းဆည်းထားတဲ့လက်ဆောင်
ချိုမြိန်တဲ့မင်းအပြုံးနဲ့ နဖူးပေါ်ဝဲကျနေတဲ့မင်းဆံပင်လေးကို ထာဝရ နမ်းရှိုက်ချင်လို့
ရူးရူးမိုက်မိုက်အချစ်ဆိုပြီးတော့ ဗွေမယူလိုက်ပါနဲ့
အဲဒါနင့်ပေါ်ချစ်တဲ့ငါ့ရဲ့ အီမိုအချစ်ပါ
ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-84797790216779338152009-12-23T02:40:00.000-08:002015-12-06T03:53:24.843-08:00^^လျှပ်တစ်ပြက်ရိုက်ချက်^^
နှလုံးသားနုနုပေါ်မှာ ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့ရေးခြစ်ထားတဲ့ မင်းနာမည်
ပုံဖော်လို့မရသေးတဲ့ ဘ၀ခရီးအတွက် စီမံကိန်းတွေအက်ကြောင်းထပ်နေအောင် အိပ်ကူးအိပ်မက်တွေတည်ဆောက်ခဲ့
သိပ်ချစ်တယ် ဆိုတဲ့စကားလေးတစ်ခွန်းကို တစ်ယောက်တည်း မင်းအတွက် ကန်ထရိုက်ဆွဲထားချင်မိတာ မိုက်ရူးရဲဆန်တယ်လို့မမြင်နဲ့
ခါးသီးတဲ့ ဘ၀မှာ ဆုံဆည်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် မင်းကို ပါးပါးလေးပဲလွမ်းချင်မိတာ ငါ့အတ္တပါ
နင့်နေအောင်ချစ်ခဲ့မိတဲ့ငါ့နှလုံးသားက အမှတ်သဲခြေမရှိဘူးလို့ပြောလည်း ခံယူယုံပဲ
ပုံပြောကောင်းတယ်လို့မထင်ပါနဲ့ ပုံပြင်ဆိုတာ အတိတ်ကဖြစ်ရပ်တွေကို ပုံတူကူးထားတဲ့ မိတ္တူတစ်စုံပါ
ခပ်ညံညံအတွေးတွေနဲ့ ပုံဖော်ထားတဲ့ အချစ်ပုံရိပ်ကို ဘယ်တော့မှ မလှောင်ရီ ပါနဲ့
လေးနက်တဲ့စိတ်ကူးနဲ့ မင်းအတွက် ငါရဲ့သစ္စာတွေက ချိုမြိန်မှုတွေပေးနိုင်မယ့် အားဆေးတစ်ခွက်ပါ
မင်းပုံရိပ်ကို တစ်ဘ၀စာ သိမ်းဆည်းထားချင်တဲ့ ငါ့ memory တွေကို ခုတော့လည်း
ဗွီဇက်အိုထဲကပဲ လျှပ်တစ်ပြက်ရိုက်ချက်လေးနဲ့ ဖြေသိမ့်လိုက်တော့မယ်.....
ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-38546066432704974332009-12-23T02:39:00.001-08:002015-12-06T03:53:37.296-08:00<< လတ်လတ်ဆတ်ဆတ် အလွမ်း>>အလွမ်းဆိုတာ အထီးကျန်ဖူးသူနဲ့သာသက်ဆိုင်တဲ့ဝေါဟာရတစ်ခုပါ
အမုန်းဆိုတာကလည်း အထီးကျန်ခြင်းရဲ့နိယာမပဲတဲ့
အချိုးချလိုက်ရင် အခုချိန်မှာငါတောင်တော်တော်အထီးကျန်နေပါလား
မင်းရဲ့အချစ်ကိုပိုင်ဆိုင်ခွင့်ရလိုက်တဲ့ ငါက အလွမ်းတွေကိုနေ့စဉ်စားသုံးနေရတာ
မင်းနဲ့ချစ်ခဲ့မိတဲ့နောက်ပိုင်းမှာ အချိန်တွေကိုငါလည်းမုန်းတတ်လာပြီ
မပိုင်ဆိုင်နိုင်မှန်းစတည်းကသိပြီးသားပါ
ဒါပေမယ့် မဖြစ်နိုင်တဲ့အရာကိုလိုချင်မိတာ
ငါတစ်ယောက်တည်းမဟုတ်လောက်ဘူးလို့ထင်တယ်
မင်းတစ်ယောက်တည်းကိုပဲစိတ်ထဲရှိခဲ့တာပါ
ငါတစ်ယောက်တည်းကိုပဲမင်းကချစ်ခဲ့ဖူးတာပါ
နှစ်ယောက်ပေါင်းတစ်အိပ်မက်တော့မဖြစ်နိုင်သေးဘူး
ခွဲခွာခြင်းတစ္ဆေတစ်ကောင်က တံတိုင်းခြားထားတာ
မင်းအချစ်ကိုရယူဖို့တစ်ယောက်ယောက်ကကြိုးစားနေချိန်မှာ
ငါ့အချစ်ကမင်းနှလုံးသားမှာ www.(world wide web) ဖြစ်နေပြီချစ်သူ
ငါ့အချစ်ကိုကျော်ပြီးတော့ ဘယ်သူမှ မင်းနှလုံးသားထဲကို ၀င်မရတာ
တိတ်တခိုးချစ်ရသူလေးကိုတော့ အားနာမိပါရဲ့
မျှော်လင့်ချက်ဆိုတဲ့ အချိန်နဲ့ဒီရေကို သောက်သုံးရင်း
ဖြူသွားတဲ့ဆံပင်တွေအတွက် ကံကြမ္မာဆီမှာ
အတိုးနဲ့ပေါင်းပြီးလျော်ကြေးတောင်းရမယ်
ငါတို့နှစ်ယောက် အိုအောင်မင်းအောင်ပေါင်းဖို့
ကတိသစ္စာ ဆီမှာ ငါကဦးစွာ အယူခံဝင်ထားတာ
အိပ်မက်ထဲမှာပဲအထောင်အထည်ဖော်နိုင်တဲ့ အချစ်ကမ္ဘာလေးတစ်ခုအတွက်
နှိုးထခြင်းဆိုတဲ့ စိန်ခေါ်ပွဲကြီးကိုတော့ ငါမလွန်ဆန်နိုင်သေးဘူး
မျက်လုံးဖွင့်တိုင်း အသက်ရှုတိုင်း ငါ့နာမည်ကိုသာမင်းသတိရနေသေးရင်
ရင်ခုန်ရကျိုးနပ်ပါပြီ ငါရပ်တည်နေတဲ့ မြေပေါ်မှာပဲ မင်းရှိနေမယ်ဆိုရင်
မဆုံနိုင်ပေမယ့် စိတ်ထဲမှာနွေးထွေးမှုအပြည့်နဲ့ငါလည်းအသက်ရှုဖြောင့်မှာ
သတိရခြင်းဆိုတဲ့ ခါးသီးတဲ့ဝေဒနာကို စားသုံးရင်း
ငါတို့ရဲ့ ၀ိညာဉ်လည်း နိဂုံးချုပ်လောက်ပြီချစ်သူ.....ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-42253299847737728112009-12-23T02:35:00.000-08:002015-12-06T03:43:32.097-08:00မရည်ရွယ်သူ...........သို့
မရည်ရွယ်ပါဘူး လို့ခဏခဏပြောတယ်
မတော်တဆဖြစ်ဖြစ်သွားတာပါ
လူမှုရေးကို မရှိဘူး စိတ်ပျက်ဖို့ကောင်းတယ်တဲ့
အဲဒီစကားလေးတစ်ခွန်းကြောင့်
ငါ့မှာ ကမ္ဘာပြိုတော့မယ့်အတိုင်းပဲ
ပြင်ဆင်ခွင့်မရှိတော့တဲ့အမှားတစ်ခုကြောင့်
ငါ့ကိုနင်အ၀ါကတ်ပြလိုက်ပြီဆိုတာသိရတော့.............
ဒီရင်ဘတ်ထဲမှာ အဆိပ်တွေသင့်နေပြီ
တိုက်ဆိုင်မှုတွေက ဘာလို့ဒီလောက်များနေလဲ
နှုတ်ဆိတ်နေရုံကလွဲပြီး ဖြေရှင်းချက်မရှိတော့တဲ့ အဖြေမဲ့ပုစ္ဆာကို
ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-24637002773554800162009-12-23T02:23:00.000-08:002015-12-06T03:53:53.689-08:00နှလုံးသား အစမ်းရှင်းတမ်း
အင့်ဟင်း…နီးစပ်ဖို့ချစ်ခဲ့တာမဟုတ်ဘူး
ချစ်လွန်းလို့နီးစပ်သွားတာပါ
ချစ်သူနှလုံးသားထဲကအတွင်းလူဟာ (ငါ) ဆိုတာသေချာလား
နားထဲမှာတော့တိုးတိုးလေးကြားရတယ်
အရမ်းချစ်တာပဲ အာဘွား တဲ့
ကျေးဇူးပဲချစ်သူ ဆောင်းမှာ မီးလှုံစရာမလိုလောက်အောင် နွေးထွေးသွားပြီ
အင့်ဟင်း..ဆုံချင်လို့ ချစ်ခဲ့တာမဟုတ်ဘူး
နှလုံးသားက မင်းနာမည်ကိုပဲခေါ်နေလို့ပါ
ပင်လယ်ပြင်ကိုလက်ပစ်ကူးပြီး လာရသလိုပဲ
မင်းဆီရောက်ဖို့မျှော်လင့်ချက်က ရှိပါအုံးမလား
အင့်ဟင်း-ပင်ပန်းလို့ လက်တွဲဖြုတ်ခဲ့တာမဟုတ်ဘူး
ခုချိန်ထိ နီးစပ်ခွင့်ကိုမရသေးတာပါ
နှလုံးသားကလွဲလို့ပေါ့
အင့်ဟင်း-အလွမ်းဓာတ်ခံရှိလို့ ၀မ်းနဲတတ်တာမဟုတ်ဘူး
အသဲကျွမ်းမတတ်ချစ်လွန်းလို့ လွမ်းနာကျသွားတာပါ
အင့်ဟင်း- ကျောခိုင်းဖို့ ချစ်လာတာမဟုတ်ဘူး
အစကတည်းက မျဉ်းပြိုင်လိုသွားနေတာ
အင့်ဟင်း-လွတ်လပ်မှုကိုမြတ်နှိုးလွန်းလို့မဟုတ်ရပါဘူး
လွတ်လပ်စွာချစ်နေရတာကို ကျေနပ်နေမိလို့
သေချာတာကတော့ ငါဟာဆောင်းခိုငှက်တစ်ကောင်လိုပဲ
အေးစက်လွန်းတဲ့လူတွေရဲ့ မျက်ဝန်းကို ရင်မဆိုင်ရဲလို့
မင်းကိုချစ်ရုံလေးပဲ ချစ်နေနိုင်တာ နားလည်ပေးပါ
ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-68614653196581294062009-09-25T07:38:00.000-07:002009-09-25T07:53:16.833-07:00အချစ်ဆိုတဲ့ အရာ....ငါ့ကောင်းကင်မှာ ကြယ်တစင်းလင်းလက်ခဲ့တုန်းကပေါ့
နှလုံးသားတခု ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိတယ်
အချစ်ဖြစ်နေမှန်း မသိခဲ့လို့ ပါ.........
မိုးတိမ်ရင်ခွင်ထဲ တခါတခါပုန်း
လရိပ်အောက်မှာ တခါတခါ ခိုလို့ 
လျှပ်တပြတ် အပြုံးလေးအောက်မှာ
နှလုံးသားတခု ခပ်နုနုလေး ပြုံးလိုက်မိတယ်
အချစ်ဆိုတဲ့အရာမှန်း မသိခဲ့လို့ ပါ..........
မြားတံကုန်နေတဲ့ မုဆိုးလို
ယောက်ယက်ခတ်နေခဲ့တုန်းက
သားကောင်ဟာ အချစ်ဆိုတဲ့အရာမှန်း
သိလိုက်ပေမဲ့  ကြိုးတချောင်းကို ပစ်လွတ်လိုက်ခဲ့ပြီ
အဲဒီကြိုးလေးက ငါ့ကိုချည်နှောင်ရင်း ..................
အချစ်ဆိုတဲ့ အရာ...................နဲ့  မိတ်ဆက်ပေးလိုက်ပြီ
အချစ်ဆိုတာ ဘာလဲ ????????????????????????
ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-36506672131902957442009-06-09T04:10:00.000-07:002015-12-06T03:53:58.685-08:00လျှို့ ဝှက် ရင်ခုန်သံဆွေးမြေ့နေတဲ့ သံယောဇဉ်ကြိုးနဲ့
ငြိမရတော့တဲ့ ငါ့ရဲ့နှလုံးသားသံစဉ်တစ်ပုဒ်
လိုတိုးပိုလျှော့ဖို့ မရဲ
ပြတ်တောက်သွားမှာလည်းစိုးထိတ်
ခပ်နှဲ့နှဲ့ သံယောဇဉ်ကြိုးပေါ် ကံကိုပုံ
မင်းနဲ့လျှောက်လှမ်းဖို့ အားတင်းရင်း
မဖြစ်နိုင်မှန်းသိရက်နဲ့ နှလုံးသားထဲစိမ့်ထွက်လာတဲ့ အချစ်
အဆိပ်တစ်ခွက်လို ပြင်းရှလည်း ခုံမင်စွာ ငါတို့နှစ်ဦးသောက်သုံး
စိတ်ကူးထဲက မင်းရဲ့ရင်ခွင်တစ်စုံ ငါခိုနားဖို့ကြိုးစားရင်း
အသင့်စီးကြိုနေတဲ့ ခွဲခွာခြင်းကံကြမ္မာ
နင့်ရင်ခွင်မှာ ငါ့ထက်ဦးသူ ခိုလှုံမှေးစက်
ရပ်တန့်သွားတဲ့ ငါ့ခြေလှမ်း စီးကျလာတဲ့ငါ့မျက်ရည် တာကျိုးတဲ့ဆည်အလား
အိပ်မက်ထဲထိ ကြိတ်မှိတ် ငိုရှိုက်
မင်းတွက် ရည်စူး ငါ့ရဲ့ ချစ်သက်လက်ဆောင်
ရင်ထဲကဝေဒနာ ကဗျာတစ်ပုဒ်သီကုံးရင်း
“သိပ်ချစ်ပါတယ်“ ဆိုတဲ့စကား ရင်နာနာနဲ့
ငါ့နှလုံးသားကဗျာထဲ သင်္ဂြုလ်လိုက်ရတဲ့ညပေါင်း
လက်ချိုးရေရင်းနဲ့ သန်းခေါင်ယံကို ခါးသီးစွာကျော်ဖြတ်နေရဆဲပါ
မင်းရဲ့တွယ်တာမှုအောက် ရုန်းထွက်ဖို့ငါကြိုးစား
ရုန်းရင်းဆန်ခတ် ဖြစ်သွားတဲ့ ငါ့ရဲ့အိပ်မက်ကို လိုက်ကောက်ရင်း
ကြယ်လေးတွေတောင် အရောင်မှိန်နေရှာပေါ့
ချစ်တယ်ဆိုတဲ့ စကား ရေငုံနှုတ်ပိတ်ရင်း
ခင်မင်မှုမှတ်တိုင်ကိုစိုက်ထူ ဖို့
အိပ်မက်တစ်ခုရဲ့ ရှေ့ပြေး ရောင်နီကို ကြိုလင့်နိုင်စွမ်း မရှိသေးလို့
ငါ့ရဲ့ မနက်ခင်းလေးတောင် ပရမ်းပတာ ဖြစ်နေပါပေါ့လား.........
ချစ်သူရယ်လို့ ရေရွှတ်ဖို့ ငါ့နှလုံးသားကမရဲ စွံအသွားတဲ့စကားသံတွေကြား
ငါ့ထက် မင်းကိုချစ်နေတဲ့ ချစ်သူလေးတစ်ဦး
ရှိနေပါလား ဆိုတဲ့အသိနဲ့ အစကတည်းက အချစ်နဲ့ပတ်သက်ပြီး
အရှုံးပေးတတ်တဲ့ငါ မင်းနှလုံးသားလေးကို လိုချင်သူ
ငါမျက်စိစုံမှိတ် ကြည်ဖြူနှလုံး ပီတိမျက်ရည်
အတ္တမပါတဲ့ ငါ့နှလုံးသား မင်းချစ်သူအတွက် ဒေ၀ါလီခံပေးပါ့မယ်..........ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-49871219148379596312009-06-08T10:05:00.000-07:002015-12-06T03:54:13.518-08:00နှလုံးသားပန်းချီ
ငါ့နှလုံးသားထဲ မင်း တီးတိုးဝင်ရောက်လာစဉ်
ခင်မင်မူအခန်းကျဉ်းထဲမှာ ဧည့်ခံခဲ့တာပါ
မင်းမျက်ဝန်း စေညွန်းရာနောက်
ငါ့ဘဝအခန်းတံခါးတွေ လစ်ဟခဲ့တာပါ
ငါ့ဘဝပန်းချီကား ညစ်တေးတေးကာလာနဲ့ 
ပဲ့ရွဲ့ နေတဲ့ နံရံတချို့ အတွက်
ငါခေါင်းငုံနေမိတယ်.....
မွန်းကြပ်ခြင်းတချို့ ကို မင်း အပြုံးနဲ့ တိုက်လွှင့်
ဖေးမခြင်း လက်တွေနဲ့ ကမ်းလင့်ခဲ့တုန်းက
ငါ့နှလုံးသား...ခပ်ကျဉ်းကျဉ်းအခန်းထဲကို
မင်းအပြုံးတချို့  သိုလှောင်ခဲ့မိတယ်
နှုတ်ခမ်းဖျားက သာယာသံတချို့ ငါစားသုံးခဲ့လို့ 
ငါ့ရင်ဘတ်က ခပ်ကျဉ်းကျဉ်းအခန်းထဲမှာ
နှလုံးသားတခု ကြီးထွားလို့ မွန်းကြပ်နေခဲ့တယ်
zip ခံပြီး print ထုတ်ဖို့ softwareတခုက
ငါ့ဘဝဖြစ်နေတာကြောင့် .........
နှလုံးသားပန်းချီခန်းထဲမှာပဲ မင်းဝင်ထွက်ပါ
ဘဝပန်းချီကား တချို့ အတွက် ဝေဖန်ခဲ့ပါ
ငါအမြတ်နိုးဆုံး မင်းအတွက်
ပြင်ဆင်ချယ်မှုန်းပ့မယ်
ငါ့နှလုံးသား ပန်းချီကားအတွက် မင်းဆီက
ပန်းခွေလှလှလေးကို မျှော်လင့်ရင်းနဲ့ ပေါ့....
ချစ်ရသူရယ်..ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-1453729594585563442009-06-07T09:16:00.000-07:002015-12-06T03:54:02.702-08:00သတိရလွန်းလို့ ပါ....
သတိရလွန်းလို့ ပါ.......
ကောင်းကင်ရယ်.....
မင်းရင်ခွင်မှာ ပျော်မွေ့ နေစဉ်တုန်းက
ငါ့ဘဝ ကြယ်စုံစုံနဲ့  ကဗျာရွတ်ရင်း
လရောင်အောက်မှာ ငါပြုံးနိုင်ခဲ့သေးတယ်
ခုတော့........ကောင်းကင်ရယ်...
ငါ့ကိုပွေမယူပါနဲ့  ...
ကောင်းကင်ရယ်.....
မင်းမျက်ရည်မိုးပြိုတုန်းက
အပြုံးတွေနဲ့ မင်းမျက်ရည်ကြားမှာ
ငါပျော်ရွှင်ခဲ့ဖူးတယ်...
ချစ်သူရဲ့ ကြင်နာတဲ့စကားတွေကြားမှာ
မင်းမျက်ရည်ကိုမစာနာမိဘူး
မင်းမျက်ရည်မိုးကို ထပ်ထပ်မျှော်မိတယ်
ခုတော့ ........ကောင်းကင်ရယ်...
ငါ့အပူကိုဟန်လုပ်ဖို့ မင်းရင်ခွင်ကိုအားနာမိတယ်..
ကြယ်လေးတွေကိုလဲ ရှက်မိပါရဲ့ 
ငါ့မျက်ရည် သူလှမ်းမြင်နေရလို့ ပါ...
ကောင်းကင်ရယ်...
ငါ့မျက်ရည်ကိုမင်းရင်ခွင်ဆီ ယူငြင်ပေးပါလား...
မင်းမျက်ရည်အဖြစ် ပြောင်းလဲပေးစမ်းပါ...
မိုးရွာရွာမှာ ငါ့ချစ်သူကို နောက်တကြိမ် တွေ့ ချင်သေးလို့ ပါ
ငါသတိရလွန်းလို့ ပါ....
ခုတော့ငါ့မျက်ရည် ငါပြန်ခပ်ချိုးနေရ လောက်အောင် ငါငိုရင်း .....
သူ့ ကိုလွမ်းနေမိတယ် ကောင်းကင်ရယ်....
ခဏလေးဖြစ်ဖြစ် မင်းငိုပေးပါလား ကောင်းကင်
ငါ့မျက်ရည် သူမြင်သွားမှာစိုးလို့ ပါ ....
ငါ သတိရလွန်းလို့ ပါ .......
ငါ သတိရလွန်းလို့ ပါ.....
သတိရလွန်းလို့ ပါ............
ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-35280648097003389282009-06-07T09:13:00.000-07:002009-06-07T09:14:13.319-07:00သူ့ ကိုသိစေချင်တယ်...
သူ့ ကိုသိစေချင်တယ်.......
သိပ်ချစ်တတ်တဲ့ နှလုံးသားတစုံရဲ
့ရင်ဝမှာစူးနစ်စေတဲ့မင်းအပြုံး..............
နှုတ်ခမ်းပေါ်က ကြင်နာခြင်းတချို့ 
ယုယနှစ်သိမ့်တတ်တဲ့ နွေးထွေးတဲ့ရင်ခွင်
ဖေးမခြင်းတွေနဲ့ တွဲခေါ်တတ်တဲ့ လက်တစုံ....
အားလုံး အားလုံး ဟာ မြားတစင်းစီနဲ့ 
ငါ့နှလုံးသားဆီ ပစ်ခွင်းလိုက်ရင်.........
စူးနစ်စေနိုင်တဲ့အ နက်ရှိုင်းဆုံးသောမြားတံတွေပါ .....
ပျော့ပျောင်းခြင်တွေနဲ့ ဆောက်တည်ငါ့နှလုံးသား
မြားစင်းတွေကို လက်ကမ်းကြိုရင်း
သံယောဇဉ်ဆိုတာကို ရှာတွေ့ နိုင်ခဲ့တယ်...
ခွဲခွာခြင်းတွေနဲ့ နှုတ်မဆက်ခင်မှာ
ပစ်ခွင်းလိုက်တဲ့ မြားစင်းတွေကြား
ငါ့နှလုံးသားလေး အက်ကြောင်းရာနဲ့ 
ကွဲအက်ရတော့မှာလား ချစ်ရသူ........
တွေးရင်းနဲ့ စိုးထိတ်လဲ
ငါ့နှလုံးသားရဲ့ တောင့်တမှုတချို့ ကို
မျိုသိပ်ရင်း မင်းကိုချစ်နေမိတယ်ဆိုတာ
မင်းကိုသိစေချင်မိပြန်တယ်...ချစ်ရသူ
ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-39216975923987711732009-06-07T09:10:00.001-07:002009-06-07T09:20:24.495-07:00နှုတ်ခမ်းလေးကို ချစ်လို့ ပါ....
နူတ်ခမ်းလေးကို ချစ်လို့ ပါ.....
မျက်လုံးကငိုနေတာ မဟုတ်ဘူး
နှလုံးသားက ငိုနေမိတာပါ ...
ငါ့စိတ်တွေ စုတ်တသပ်သပ်နဲ့ 
မျက်လုံးတွေလဲ စပ်လှပြီ...
ဘဝနဲ့ ဆန္ဒ စစ်ဖြစ်နေခဲ့လို့ 
ငါ့နှလုံးသားလေး သွေးစွန်းခဲ့ပြီ....
ငါ့ရင်ကို အပိုင်စီးတဲ့ မင်းအပြုံး
ငါချစ်ခဲ့မိလို့  ရူးရပြီ...
ငါ့ရင်မှာ ကဗျာအပြည့်နဲ့  လွမ်းရက်တွေအတွက်
လက်တွေလဲညောင်းလှပြီ....
ရော်ရွက်ဝါကို လေညင်းကချွေသလို
ငါ့နှလုံးသားကို မင်းအပြုံးက ချွေတယ် ချစ်သူရယ်..
ငါ့ရင်ကိုကြွေလောက်တဲ့ မင်းအပြုံး
ဓားသွားပါရင်လဲ တကြိမ်လောက်တော့.....
သွေးစွန်းပါစေ နမ်းရှိုက်ခွင့်ပြုပါ
မင်းနူတ်ခမ်းလေးကို ချစ်လို့ ပါ....
ချစ်လို့ ပါ....
ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-41875127705886060432009-06-07T04:13:00.000-07:002009-06-07T09:27:31.247-07:00တဒင်္ဂ
တဒင်္ဂ
တဒင်္ဂစောင့်စားခြင်းတွေနဲ့ 
ရင်ထဲကဝေဒနာတချို့ ကို
သီချင်းဆိုရင်း ဖြေသိမ့် ခဲ့တယ်...
တဒင်္ဂတွေ့ ဆုံခြင်းတွေနဲ့ 
နှလုံးသားဒဏ်ရာကို
မင်းအပြုံးတွေနဲ့ ဖာထေးရင်း
ငါ့ဆန္ဒမပါပဲ မင်းကို...
တဒင်္ဂမြင်တွေ့ ခွင့်ရပေမဲ့
ရင်ထဲက စွဲလမ်းခြင်းတွေကို
မင်းရဲ့ အပြုအမှုတွေက ရိုက်ချိုး
နောက်ဆုတ်ဖို့  တောင်းဆိုလာပြန်တယ်...
တဒင်္ဂအတွက် ငါ့အသက်နဲ့ ခန္ဓာ
နောက်ဆုံး ထွက်သက်မတိုင်ခင်ထိတော့
မင်းကို တကြိမ်တခါလောက်
တရှိုက်မတ်မတ် နမ်းရှိုက်ခဲ့ပါရစေ.....
တဒင်္ဂအတွက် အနက်ရှိုင်းဆုံးမှာ မရှိရင်တောင်
အပေါ်ယံကျောလေးနဲ့ 
ငါ့အချစ်ကို နားလည်ပေးမယ်ဆို
ငါ့နောက်ဆုံးထွက်သက်တိုင်
မင်းကို သတိရလွမ်းဆွတ်မိမှာပါ ...ချစ်ရသူ....
ခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0tag:blogger.com,1999:blog-5335303900030932033.post-85999890786290586162009-06-04T03:52:00.000-07:002009-06-04T04:11:13.311-07:00ကျနော်၏ ပထမဆုံးသော ဘလော့ဖြစ်ပါသည်
လာရောက်အားပေးသောသူများ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ ခင်ဗျာခါးခါးhttp://www.blogger.com/profile/15055429254629737926noreply@blogger.com0