7.6.09

သူ့ ကိုသိစေချင်တယ်...

သူ့ ကိုသိစေချင်တယ်.......
သိပ်ချစ်တတ်တဲ့ နှလုံးသားတစုံရဲ
့ရင်ဝမှာစူးနစ်စေတဲ့မင်းအပြုံး..............
နှုတ်ခမ်းပေါ်က ကြင်နာခြင်းတချို့ 
ယုယနှစ်သိမ့်တတ်တဲ့ နွေးထွေးတဲ့ရင်ခွင်
ဖေးမခြင်းတွေနဲ့ တွဲခေါ်တတ်တဲ့ လက်တစုံ....
အားလုံး အားလုံး ဟာ မြားတစင်းစီနဲ့ 
ငါ့နှလုံးသားဆီ ပစ်ခွင်းလိုက်ရင်.........
စူးနစ်စေနိုင်တဲ့အ နက်ရှိုင်းဆုံးသောမြားတံတွေပါ .....

ပျော့ပျောင်းခြင်တွေနဲ့ ဆောက်တည်ငါ့နှလုံးသား
မြားစင်းတွေကို လက်ကမ်းကြိုရင်း
သံယောဇဉ်ဆိုတာကို ရှာတွေ့ နိုင်ခဲ့တယ်...

ခွဲခွာခြင်းတွေနဲ့ နှုတ်မဆက်ခင်မှာ
ပစ်ခွင်းလိုက်တဲ့ မြားစင်းတွေကြား
ငါ့နှလုံးသားလေး အက်ကြောင်းရာနဲ့ 
ကွဲအက်ရတော့မှာလား ချစ်ရသူ........

တွေးရင်းနဲ့ စိုးထိတ်လဲ
ငါ့နှလုံးသားရဲ့ တောင့်တမှုတချို့ ကို
မျိုသိပ်ရင်း မင်းကိုချစ်နေမိတယ်ဆိုတာ
မင်းကိုသိစေချင်မိပြန်တယ်...ချစ်ရသူ

No comments:

Post a Comment