9.6.09

လျှို့ ဝှက် ရင်ခုန်သံ

ဆွေးမြေ့နေတဲ့ သံယောဇဉ်ကြိုးနဲ့
ငြိမရတော့တဲ့ ငါ့ရဲ့နှလုံးသားသံစဉ်တစ်ပုဒ်
လိုတိုးပိုလျှော့ဖို့ မရဲ
ပြတ်တောက်သွားမှာလည်းစိုးထိတ်
ခပ်နှဲ့နှဲ့ သံယောဇဉ်ကြိုးပေါ် ကံကိုပုံ
မင်းနဲ့လျှောက်လှမ်းဖို့ အားတင်းရင်း
မဖြစ်နိုင်မှန်းသိရက်နဲ့ နှလုံးသားထဲစိမ့်ထွက်လာတဲ့ အချစ်
အဆိပ်တစ်ခွက်လို ပြင်းရှလည်း ခုံမင်စွာ ငါတို့နှစ်ဦးသောက်သုံး
စိတ်ကူးထဲက မင်းရဲ့ရင်ခွင်တစ်စုံ ငါခိုနားဖို့ကြိုးစားရင်း
အသင့်စီးကြိုနေတဲ့ ခွဲခွာခြင်းကံကြမ္မာ
နင့်ရင်ခွင်မှာ ငါ့ထက်ဦးသူ ခိုလှုံမှေးစက်
ရပ်တန့်သွားတဲ့ ငါ့ခြေလှမ်း စီးကျလာတဲ့ငါ့မျက်ရည် တာကျိုးတဲ့ဆည်အလား
အိပ်မက်ထဲထိ ကြိတ်မှိတ် ငိုရှိုက်
မင်းတွက် ရည်စူး ငါ့ရဲ့ ချစ်သက်လက်ဆောင်
ရင်ထဲကဝေဒနာ ကဗျာတစ်ပုဒ်သီကုံးရင်း
“သိပ်ချစ်ပါတယ်“ ဆိုတဲ့စကား ရင်နာနာနဲ့
ငါ့နှလုံးသားကဗျာထဲ သင်္ဂြုလ်လိုက်ရတဲ့ညပေါင်း
လက်ချိုးရေရင်းနဲ့ သန်းခေါင်ယံကို ခါးသီးစွာကျော်ဖြတ်နေရဆဲပါ
မင်းရဲ့တွယ်တာမှုအောက် ရုန်းထွက်ဖို့ငါကြိုးစား
ရုန်းရင်းဆန်ခတ် ဖြစ်သွားတဲ့ ငါ့ရဲ့အိပ်မက်ကို လိုက်ကောက်ရင်း
ကြယ်လေးတွေတောင် အရောင်မှိန်နေရှာပေါ့
ချစ်တယ်ဆိုတဲ့ စကား ရေငုံနှုတ်ပိတ်ရင်း
ခင်မင်မှုမှတ်တိုင်ကိုစိုက်ထူ ဖို့
အိပ်မက်တစ်ခုရဲ့ ရှေ့ပြေး ရောင်နီကို ကြိုလင့်နိုင်စွမ်း မရှိသေးလို့
ငါ့ရဲ့ မနက်ခင်းလေးတောင် ပရမ်းပတာ ဖြစ်နေပါပေါ့လား.........
ချစ်သူရယ်လို့ ရေရွှတ်ဖို့ ငါ့နှလုံးသားကမရဲ စွံအသွားတဲ့စကားသံတွေကြား
ငါ့ထက် မင်းကိုချစ်နေတဲ့ ချစ်သူလေးတစ်ဦး
ရှိနေပါလား ဆိုတဲ့အသိနဲ့ အစကတည်းက အချစ်နဲ့ပတ်သက်ပြီး
အရှုံးပေးတတ်တဲ့ငါ မင်းနှလုံးသားလေးကို လိုချင်သူ
ငါမျက်စိစုံမှိတ် ကြည်ဖြူနှလုံး ပီတိမျက်ရည်
အတ္တမပါတဲ့ ငါ့နှလုံးသား မင်းချစ်သူအတွက် ဒေ၀ါလီခံပေးပါ့မယ်..........

8.6.09

နှလုံးသားပန်းချီ



ငါ့နှလုံးသားထဲ မင်း တီးတိုးဝင်ရောက်လာစဉ်
ခင်မင်မူအခန်းကျဉ်းထဲမှာ ဧည့်ခံခဲ့တာပါ

မင်းမျက်ဝန်း စေညွန်းရာနောက်
ငါ့ဘဝအခန်းတံခါးတွေ လစ်ဟခဲ့တာပါ
ငါ့ဘဝပန်းချီကား ညစ်တေးတေးကာလာနဲ့ 
ပဲ့ရွဲ့ နေတဲ့ နံရံတချို့ အတွက်
ငါခေါင်းငုံနေမိတယ်.....

မွန်းကြပ်ခြင်းတချို့ ကို မင်း အပြုံးနဲ့ တိုက်လွှင့်
ဖေးမခြင်း လက်တွေနဲ့ ကမ်းလင့်ခဲ့တုန်းက
ငါ့နှလုံးသား...ခပ်ကျဉ်းကျဉ်းအခန်းထဲကို
မင်းအပြုံးတချို့  သိုလှောင်ခဲ့မိတယ်

နှုတ်ခမ်းဖျားက သာယာသံတချို့ ငါစားသုံးခဲ့လို့ 
ငါ့ရင်ဘတ်က ခပ်ကျဉ်းကျဉ်းအခန်းထဲမှာ
နှလုံးသားတခု ကြီးထွားလို့ မွန်းကြပ်နေခဲ့တယ်
zip ခံပြီး print ထုတ်ဖို့ softwareတခုက
ငါ့ဘဝဖြစ်နေတာကြောင့် .........

နှလုံးသားပန်းချီခန်းထဲမှာပဲ မင်းဝင်ထွက်ပါ
ဘဝပန်းချီကား တချို့ အတွက် ဝေဖန်ခဲ့ပါ
ငါအမြတ်နိုးဆုံး မင်းအတွက်
ပြင်ဆင်ချယ်မှုန်းပ့မယ်

ငါ့နှလုံးသား ပန်းချီကားအတွက် မင်းဆီက
ပန်းခွေလှလှလေးကို မျှော်လင့်ရင်းနဲ့ ပေါ့....
I Love You
ချစ်ရသူရယ်..

7.6.09

သတိရလွန်းလို့ ပါ....

သတိရလွန်းလို့ ပါ.......
ကောင်းကင်ရယ်.....
မင်းရင်ခွင်မှာ ပျော်မွေ့ နေစဉ်တုန်းက
ငါ့ဘဝ ကြယ်စုံစုံနဲ့  ကဗျာရွတ်ရင်း
လရောင်အောက်မှာ ငါပြုံးနိုင်ခဲ့သေးတယ်
ခုတော့........ကောင်းကင်ရယ်...
ငါ့ကိုပွေမယူပါနဲ့  ...

ကောင်းကင်ရယ်.....
မင်းမျက်ရည်မိုးပြိုတုန်းက
အပြုံးတွေနဲ့ မင်းမျက်ရည်ကြားမှာ
ငါပျော်ရွှင်ခဲ့ဖူးတယ်...
ချစ်သူရဲ့ ကြင်နာတဲ့စကားတွေကြားမှာ
မင်းမျက်ရည်ကိုမစာနာမိဘူး
မင်းမျက်ရည်မိုးကို ထပ်ထပ်မျှော်မိတယ်
ခုတော့ ........ကောင်းကင်ရယ်...

ငါ့အပူကိုဟန်လုပ်ဖို့ မင်းရင်ခွင်ကိုအားနာမိတယ်..
ကြယ်လေးတွေကိုလဲ ရှက်မိပါရဲ့ 
ငါ့မျက်ရည် သူလှမ်းမြင်နေရလို့ ပါ...

ကောင်းကင်ရယ်...
ငါ့မျက်ရည်ကိုမင်းရင်ခွင်ဆီ ယူငြင်ပေးပါလား...
မင်းမျက်ရည်အဖြစ် ပြောင်းလဲပေးစမ်းပါ...
မိုးရွာရွာမှာ ငါ့ချစ်သူကို နောက်တကြိမ် တွေ့ ချင်သေးလို့ ပါ
ငါသတိရလွန်းလို့ ပါ....

ခုတော့ငါ့မျက်ရည် ငါပြန်ခပ်ချိုးနေရ လောက်အောင် ငါငိုရင်း .....
သူ့ ကိုလွမ်းနေမိတယ် ကောင်းကင်ရယ်....
ခဏလေးဖြစ်ဖြစ် မင်းငိုပေးပါလား ကောင်းကင်
ငါ့မျက်ရည် သူမြင်သွားမှာစိုးလို့ ပါ ....
ငါ သတိရလွန်းလို့ ပါ .......
ငါ သတိရလွန်းလို့ ပါ.....
သတိရလွန်းလို့ ပါ............

သူ့ ကိုသိစေချင်တယ်...

သူ့ ကိုသိစေချင်တယ်.......
သိပ်ချစ်တတ်တဲ့ နှလုံးသားတစုံရဲ
့ရင်ဝမှာစူးနစ်စေတဲ့မင်းအပြုံး..............
နှုတ်ခမ်းပေါ်က ကြင်နာခြင်းတချို့ 
ယုယနှစ်သိမ့်တတ်တဲ့ နွေးထွေးတဲ့ရင်ခွင်
ဖေးမခြင်းတွေနဲ့ တွဲခေါ်တတ်တဲ့ လက်တစုံ....
အားလုံး အားလုံး ဟာ မြားတစင်းစီနဲ့ 
ငါ့နှလုံးသားဆီ ပစ်ခွင်းလိုက်ရင်.........
စူးနစ်စေနိုင်တဲ့အ နက်ရှိုင်းဆုံးသောမြားတံတွေပါ .....

ပျော့ပျောင်းခြင်တွေနဲ့ ဆောက်တည်ငါ့နှလုံးသား
မြားစင်းတွေကို လက်ကမ်းကြိုရင်း
သံယောဇဉ်ဆိုတာကို ရှာတွေ့ နိုင်ခဲ့တယ်...

ခွဲခွာခြင်းတွေနဲ့ နှုတ်မဆက်ခင်မှာ
ပစ်ခွင်းလိုက်တဲ့ မြားစင်းတွေကြား
ငါ့နှလုံးသားလေး အက်ကြောင်းရာနဲ့ 
ကွဲအက်ရတော့မှာလား ချစ်ရသူ........

တွေးရင်းနဲ့ စိုးထိတ်လဲ
ငါ့နှလုံးသားရဲ့ တောင့်တမှုတချို့ ကို
မျိုသိပ်ရင်း မင်းကိုချစ်နေမိတယ်ဆိုတာ
မင်းကိုသိစေချင်မိပြန်တယ်...ချစ်ရသူ

နှုတ်ခမ်းလေးကို ချစ်လို့ ပါ....

နူတ်ခမ်းလေးကို ချစ်လို့ ပါ.....
မျက်လုံးကငိုနေတာ မဟုတ်ဘူး
နှလုံးသားက ငိုနေမိတာပါ ...

ငါ့စိတ်တွေ စုတ်တသပ်သပ်နဲ့ 
မျက်လုံးတွေလဲ စပ်လှပြီ...

ဘဝနဲ့ ဆန္ဒ စစ်ဖြစ်နေခဲ့လို့ 
ငါ့နှလုံးသားလေး သွေးစွန်းခဲ့ပြီ....

ငါ့ရင်ကို အပိုင်စီးတဲ့ မင်းအပြုံး
ငါချစ်ခဲ့မိလို့  ရူးရပြီ...

ငါ့ရင်မှာ ကဗျာအပြည့်နဲ့  လွမ်းရက်တွေအတွက်
လက်တွေလဲညောင်းလှပြီ....

ရော်ရွက်ဝါကို လေညင်းကချွေသလို
ငါ့နှလုံးသားကို မင်းအပြုံးက ချွေတယ် ချစ်သူရယ်..

ငါ့ရင်ကိုကြွေလောက်တဲ့ မင်းအပြုံး
ဓားသွားပါရင်လဲ တကြိမ်လောက်တော့.....

သွေးစွန်းပါစေ နမ်းရှိုက်ခွင့်ပြုပါ
မင်းနူတ်ခမ်းလေးကို ချစ်လို့ ပါ....
ချစ်လို့ ပါ....

တဒင်္ဂ


တဒင်္ဂ
တဒင်္ဂစောင့်စားခြင်းတွေနဲ့ 
ရင်ထဲကဝေဒနာတချို့ ကို
သီချင်းဆိုရင်း ဖြေသိမ့် ခဲ့တယ်...

တဒင်္ဂတွေ့ ဆုံခြင်းတွေနဲ့ 
နှလုံးသားဒဏ်ရာကို
မင်းအပြုံးတွေနဲ့ ဖာထေးရင်း
ငါ့ဆန္ဒမပါပဲ မင်းကို...

တဒင်္ဂမြင်တွေ့ ခွင့်ရပေမဲ့
ရင်ထဲက စွဲလမ်းခြင်းတွေကို
မင်းရဲ့ အပြုအမှုတွေက ရိုက်ချိုး
နောက်ဆုတ်ဖို့  တောင်းဆိုလာပြန်တယ်...

တဒင်္ဂအတွက် ငါ့အသက်နဲ့ ခန္ဓာ
နောက်ဆုံး ထွက်သက်မတိုင်ခင်ထိတော့
မင်းကို တကြိမ်တခါလောက်
တရှိုက်မတ်မတ် နမ်းရှိုက်ခဲ့ပါရစေ.....

တဒင်္ဂအတွက် အနက်ရှိုင်းဆုံးမှာ မရှိရင်တောင်
အပေါ်ယံကျောလေးနဲ့ 
ငါ့အချစ်ကို နားလည်ပေးမယ်ဆို
ငါ့နောက်ဆုံးထွက်သက်တိုင်
မင်းကို သတိရလွမ်းဆွတ်မိမှာပါ ...ချစ်ရသူ....



4.6.09

ကျနော်၏ ပထမဆုံးသော ဘလော့ဖြစ်ပါသည်
လာရောက်အားပေးသောသူများ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ ခင်ဗျာ