7.6.09

သတိရလွန်းလို့ ပါ....

သတိရလွန်းလို့ ပါ.......
ကောင်းကင်ရယ်.....
မင်းရင်ခွင်မှာ ပျော်မွေ့ နေစဉ်တုန်းက
ငါ့ဘဝ ကြယ်စုံစုံနဲ့  ကဗျာရွတ်ရင်း
လရောင်အောက်မှာ ငါပြုံးနိုင်ခဲ့သေးတယ်
ခုတော့........ကောင်းကင်ရယ်...
ငါ့ကိုပွေမယူပါနဲ့  ...

ကောင်းကင်ရယ်.....
မင်းမျက်ရည်မိုးပြိုတုန်းက
အပြုံးတွေနဲ့ မင်းမျက်ရည်ကြားမှာ
ငါပျော်ရွှင်ခဲ့ဖူးတယ်...
ချစ်သူရဲ့ ကြင်နာတဲ့စကားတွေကြားမှာ
မင်းမျက်ရည်ကိုမစာနာမိဘူး
မင်းမျက်ရည်မိုးကို ထပ်ထပ်မျှော်မိတယ်
ခုတော့ ........ကောင်းကင်ရယ်...

ငါ့အပူကိုဟန်လုပ်ဖို့ မင်းရင်ခွင်ကိုအားနာမိတယ်..
ကြယ်လေးတွေကိုလဲ ရှက်မိပါရဲ့ 
ငါ့မျက်ရည် သူလှမ်းမြင်နေရလို့ ပါ...

ကောင်းကင်ရယ်...
ငါ့မျက်ရည်ကိုမင်းရင်ခွင်ဆီ ယူငြင်ပေးပါလား...
မင်းမျက်ရည်အဖြစ် ပြောင်းလဲပေးစမ်းပါ...
မိုးရွာရွာမှာ ငါ့ချစ်သူကို နောက်တကြိမ် တွေ့ ချင်သေးလို့ ပါ
ငါသတိရလွန်းလို့ ပါ....

ခုတော့ငါ့မျက်ရည် ငါပြန်ခပ်ချိုးနေရ လောက်အောင် ငါငိုရင်း .....
သူ့ ကိုလွမ်းနေမိတယ် ကောင်းကင်ရယ်....
ခဏလေးဖြစ်ဖြစ် မင်းငိုပေးပါလား ကောင်းကင်
ငါ့မျက်ရည် သူမြင်သွားမှာစိုးလို့ ပါ ....
ငါ သတိရလွန်းလို့ ပါ .......
ငါ သတိရလွန်းလို့ ပါ.....
သတိရလွန်းလို့ ပါ............

No comments:

Post a Comment